စာဖတ်ချိန် – 3 မိနစ်
သတင်းအချက်အလက်နဲ့နည်းပညာခေတ်ကြီးမှာ လူတစ်ဦးချင်းစီရဲ့ ဒေတာတွေက အရမ်းတန်ဖိုးရှိလာပါတယ်။ စီးပွားရေးလုပ်ငန်းတွေအတွက်သာမက မိမိရဲ့ ပညာရေးနှင့် တစ်ကိုယ်ရေတိုးတက်မှုတို့အတွက် အင်တာနက်ကို လုံလုံခြုံခြုံနှင့် လွတ်လွတ်လပ်လပ်သုံးစွဲနိုင်ခွင့်ရှိဖို့ အရမ်းကို အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် အင်တာနက်အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ခိုးယူပြီး သူတို့ကောင်းကျိုးအတွက် အသုံးချနေတဲ့ ဟက်ကာအဖွဲ့တွေ တစ်နှစ်ထက်တစ်နှစ်ပိုပိုများလာတာကို တွေ့ရမှာပါ။ ဒါ့အပြင် အခြေအနေအမျိုးမျိုးကြောင့် နိုင်ငံတွင်းအင်တာနက်ဝန်ဆောင်မှုပေးအပ်သူတွေက သုံးစွဲသူတွေကို သူတို့သတ်မှတ်ထားတဲ့ ဝဘ်ဆိုက်တွေထဲ ပေးဝင်ခွင့်မပြုဘဲ ဘလော့လုပ်ထားတာမျိုးတွေလည်း ရှိလာပါတယ်။ အင်တာနက်ပေါ်ကနေ အကုန်လေ့လာနိုင်နေတဲ့ ယနေ့ခေတ်မှာ မြန်မာနိုင်ငံက ပြည်သူတွေဟာ အင်တာနက်ကို လွတ်လွတ်လပ်လပ် အသုံးမပြုနိုင်တဲ့အခါ အခြားလွတ်လပ်စွာသုံးစွဲနိုင်တဲ့ နိုင်ငံကလူတွေနဲ့ ယှဉ်ရင်ခြေတစ်လှမ်းနောက်ကျနေမှာပဲဖြစ်ပါတယ်။
2021 ခုနှစ်အတွင်းမှာတင် ဆိုက်ဘာရာဇဝတ်မှုလို့ခေါ်တဲ့ အင်တာနက်ပေါ်ကနေ ပြစ်မှုကျူးလွန်မှုတွေဟာ အမေရိကန်နိုင်ငံကို $6.9 ဘီလီယံ ကုန်ဆုံးစေခဲ့ပါတယ်။ အွန်လိုင်းပေါ်က ဗိုင်းရပ်စ်တွေ၊ ဆိုရှယ်မီဒီယာအကောင့်အဟက်ခံရမှုတွေ၊ ဘဏ်အကောင့်ခိုးယူမှုတွေက မြန်မာနိုင်ငံမှာ ဒီနှစ်အနည်းငယ်အတွင်း ဆထက်တိုးများလာပါတယ်။ ကိုယ့်ရဲ့ဖုန်းထဲကို ဟက်ဝင်ပြီး ပုဂ္ဂိုလ်ရေးဓာတ်ပုံတွေ၊ မက်ဆေ့ခ်ျတွေနဲ့ ကိုယ့်ကိုပြန်ပြီး ငွေညှစ်တာမျိုးတွေကို နာမည်ကြီးရုပ်ရှင်သရုပ်ဆောင်တွေ၊ အဆိုတော်တွေ ခံရလေ့ရှိကြပါတယ်။ အခုလာမယ့်နှစ်အနည်းငယ်အတွင်းမှာဆိုရင် အရာအားလုံးနီးပါးကို အွန်လိုင်းပေါ်က လုပ်ဆောင်လို့ရတော့မှာဖြစ်ပါတယ်။ ဒီအချက်က လူတွေကို အချိန်ကုန်သက်သာစေပြီး သက်သောင့်သက်သာရှှိစေပေမဲ့ လိမ်လည်သူတွေ၊ ဟက်ကာတွေရဲ့ အန္တရာယ်ကိုလည်း ပိုတိုးစေတာ အမှန်ပါပဲ။ ဒီလိုမျိုးဘေးအန္တရာယ်တွေကနေကာကွယ်ဖို့နည်းလမ်းကို မြန်မာနိုင်ငံသားတွေအနေနဲ့ သိထားသင့်ပါတယ်။
မြန်မာနိုင်ငံမှာဆိုရင် VPN ဆိုတာ ဘလော့ထားတဲ့ ဝဘ်ဆိုက်တွေကို ဖြည်ပေးတဲ့ဆော့ဝဲလို့ပဲ လူသိများကြပါတယ်။ VPN က နောက်ထပ်အကျိုးကျေးဇူးတွေလည်း ပေးပါသေးတယ်။ ၎င်းကို ဖွင့်ပြီး အင်တာနက်သုံးမယ်ဆိုရင် VPN က သင့်အင်တာနက်လိပ်စာကို ဖျောက်ပေးပြီး ၎င်းရဲ့ အင်တာနက်လိပ်စာနဲ့ အစားထိုးပေးပါတယ်။ ဒီတော့ အင်တာနက်ပေါ်က ဗိုင်းရပ်စ်တွေက သင့် VPN ဆာဗာထဲကိုပဲ ဝင်နိုင်မှာဖြစ်ပြီး သင့်တကယ့်လိပ်စာကို သိမှာမဟုတ်ပါဘူး။ ဒါ့အပြင် အင်တာနက်ပေါ်မှာ ပေးပို့နေတဲ့ သင့်ဒေတာတွေကိုလည်း ကုဒ်ဝှက်ပေးထားတဲ့အတွက် ဟက်ကာတွေရဲ့ရန်ကနေလည်း ကာကွယ်ပေးပါသေးတယ်။ ကဲ၊ ဘယ်လောက်တောင်ကောင်းလိုက်သလဲ။
ဒီလိုအံ့အားသင့်ဖွယ်အင်္ဂါရပ်တွေကို ပေးစွမ်းနိုင်တဲ့ VPN ကို ရရှိဖို့အတွက် ဘယ်လောက်ကုန်ကျမလဲ။ အဖြေကတော့ JewelVPN နဲ့ဆိုရင် တစ်ပြားမှမကုန်ကျပါဘူး။ JewelVPN ဟာ လျင်မြန်ပြီး လုံခြုံစိတ်ချရတဲ့ အင်တာနက်သုံးစွဲမှုကို ပေးအပ်တဲ့အပြင် အရေးအကြီးဆုံးအနေနဲ့ မိတ်ဆွေရဲ့ IP လိပ်စာကို အပြည့်အ၀လျှို့ဝှက်ပေးထားပါတယ်။ ဒါ့အပြင် တခြားအခမဲ့ VPN တွေလိုမျိုး ကြော်ငြာတွေမရှိသလို ဒေတာကန့်သတ်ထားတာမျိုးတွေလည်း လုံး၀မရှိပါဘူးနော်။ ကဲ ဒီတော့၊ ဘာမှစောင့်ဆိုင်းမနေဘဲ ကိုယ့် PC မှာ ဒေါင်းလုတ်ဆွဲပြီး ဘလော့ခံထားရတဲ့ ကိုယ့်အကြိုက်ဆုံး ဝဘ်ဆိုက်တွေကို သက်သောင့်သက်သာနဲ့ ဝင်ကြည့်လိုက်ပါ။
VPN နဲ့ပတ်သက်ပြီး အများဆုံးတွေ့ရတဲ့ ပြဿနာကတော့ VPN ဝန်ဆောင်မှုအများစုဟာ လစဉ်ကြေးများပြားစွာ ကောက်ခံကြတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလိုမျိုး ကမ္ဘာနဲ့ယှဉ်ရင် ဝင်ငွေသိသိသာသာနည်းတဲ့ နိုင်ငံမှာဆိုရင် ဒေါ်လာနဲ့ပေးရတဲ့ VPN ကြေးတွေကို မတတ်နိုင်ကြပါဘူး။ ဒီလိုမျိုးအခြေအနေတွေကြောင့် JewelVPN ကို ကျွန်တော်တို့ တည်ထောင်ခဲ့တာဖြစ်ပါတယ်၊ JewelVPN မှာဆိုရင် အသုံးပြုသူတွေကို လုံခြုံတဲ့အင်တာနက်သုံးစွဲခွင့်နှင့် ဘလော့ထားတဲ့ ဝဘ်ဆိုက်တွေကို ဝင်ရောက်နိုင်ခွင့်ပေးနိုင်မယ့် VPN ဝန်ဆောင်မှုကို အကန့်အသတ်မရှိ သုံးစွဲနိုင်တဲ့အပြင် တစ်ပြားမှပေးစရာမလိုဘဲ အခမဲ့ ပေးအပ်ထားတာဖြစ်ပါတယ်။ အကောင့်ဖန်တီးနေစရာလည်းမလိုပါဘူး! အက်ပလီကေးရှင်းသွင်းပြီး ချိတ်ဆက်လိုက်ရုံနဲ့ မိတ်ဆွေအကြိုက်ဆုံး ဝဘ်ဆိုက်တွေထဲ ဝင်ရောက်နိုင်သလို ဝန်ဆောင်မှုတွေကိုလည်း ရယူနိုင်တယ်နော်။ ဒီနေ့ပဲ မိတ်ဆွေရဲ့ Windows PC မှာ ဒေါင်းလုတ်ဆွဲပြီး စမ်းသုံးကြည့်လိုက်ပါ!