VPN ဆိုတာဘာလဲ၊ ဘာကြောင့်သုံးသင့်လဲ?

စာဖတ်ချိန် – ၃ မိနစ်

ဒီနေ့မှာတော့ မိတ်ဆွေတို့ကို VPN ဆိုတဲ့ ဝန်ဆောင်မှုအကြောင်းလေး ပြောပြပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် 2018 နောက်ပိုင်း VPN အသုံးပြုသူတွေ တော်တော်များလာတာကို တွေ့ရပါတယ်။ မိတ်ဆွေလည်း VPN ဆိုတာကို ကြားကောင်းကြားဖူးမယ်၊ သုံးကောင်းသုံးဖူးမယ်။ ဒီတော့ VPN ဆိုတာဘာလဲ၊ ဘာကြောင့်သုံးသင့်တာလဲ။ နည်းပညာနယ်ပယ်ကမဟုတ်တဲ့သူတွေပါ နားလည်အောင် ရေးပေးသွားမှာဖြစ်ပါတယ်။

VPN ရဲ့အရှည်ကောက်ကတော့ Virtual Private Network ဖြစ်ပါတယ်၊ မြန်မာလိုဆိုရင် အကြမ်းဖျင်းအနေနဲ့ အွန်လိုင်းပေါ်က ကိုယ်ပိုင်နက်ဝေါ့လို ပြန်ဆိုနိုင်ပါတယ်။ VPN အကြောင်းကို အတွင်းကျကျမပြောခင် VPN ဘာကြောင့်ပေါ်လာလဲဆိုတာကို အရင်ရှင်းပြပေးချင်ပါတယ်။ ကျွန်တော်တို့ အင်တာနက်သုံးပြီး အက်ပလီကေးရှင်းတွေ၊ ဝဘ်ဆိုက်တွေပေါ်မှာ အကောင့်တွေ လုပ်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ (အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်လိုမျိုး) ထည့်သွင်းရတာကို မိတ်ဆွေတို့လည်း သိမှာပါ။ ဒီအချက်အလက်ဒေတာတွေက ဟက်ကာတွေဆီ ပေါက်ကြားသွားမယ်ဆိုရင် မိတ်ဆွေရဲ့ဖေ့စ်ဘွတ်လိုမျိုး အကောင့်တွေကို လုယူနိုင်ပါတယ်။ ဟက်ကာတွေ အကောင့်ပိုင်ရှင် ယောင်ဆောင်ပြီး ပိုက်ဆံလိုက်ချေးနေတဲ့အဖြစ်မျိုး မိတ်ဆွေတို့ ကြားဖူးကြမှာပါ။ မိတ်ဆွေဟာ အထူးသဖြင့် အများသုံးဝိုင်ဖိုင်ကနေ အင်တာနက်သုံးမယ်ဆိုရင် ဒီအချက်အလက်တွေကို ဟက်ကာတွေက လွယ်လွယ်ကူကူနဲ့ ရယူနိုင်ပါတယ်။ ဒါကတော့ မြန်မာပြည်မှာ VPN မသုံးလို့ ဖြစ်ရတဲ့ အဖြစ်အများဆုံးပြဿနာတစ်ခုပေါ့။

ကဲဒါဆို အများသုံးဝိုင်ဖိုင်မဟုတ်ဘဲ ကိုယ့်အိမ်က ဝိုင်ဖိုင်၊ ဒါမှမဟုတ် ကိုယ်ဖုန်းဘေလ်နဲ့ အင်တာနက်သုံးမယ်ဆိုရင်ရော အန္တရာယ်ရှိနိုင်လား။ အများသုံးဝိုင်ဖိုင်လောက်တော့ အန္တရာယ်မများပေမယ့် လုံး၀အန္တရာယ်ကင်းတာမျိုးလည်း မဟုတ်ပါဘူး။ မိတ်ဆွေတို့ကို အင်တာနက်သုံးနိုင်အောင် ဝန်ဆောင်မှုပေးနေတဲ့ ဘရော့ဘန်းတွေကနေပြီးတော့ အင်တာနက်ပေါ်မှာ မိတ်ဆွေဘာတွေလုပ်နေတယ်ဆိုတာကို အကုန်ကြည့်လို့ရပါတယ်။ ဘရော့ဘန်းတွေတင်မဟုတ်ဘူး မိတ်ဆွေအသုံးပြုနေတဲ့ ဖေ့စ်ဘွတ်တို့လို ဆိုရှယ်မီဒီယာတွေကလည်း သူတို့အက်ပလီကေးရှင်းပေါ်မှာ ပို့တဲ့ မက်ဆေ့ခ်ျတွေကအစ အကုန်သိပါတယ်။ ဒီရရှိတဲ့ ဒေတာတွေကို နိုင်ငံတော်အစိုးရနှင့် တခြားပြင်ပကုမ္ပဏီတွေဆီကို ပြန်ပြီးရောင်းစားကြတယ်လို့ တချို့က ကောက်ချက်ချကြပါတယ်။ ဒါက သာမန်လူတွေအတွက် ကြီးမားတဲ့အန္တရာယ်တော့မဟုတ်ပေမဲ့ ဘယ်သူက ကိုယ်လုပ်သမျှ စောင့်ကြည့်နေတာမျိုး ခံချင်ပါ့မလဲ၊ မဟုတ်ဘူးလား။

ဒီလိုမျိုး အန္တရာယ်တွေကို စိုးရိမ်စရာမလိုဘဲ အင်တာနက်ကို စိတ်ချမ်းချမ်းသာသာသုံးစွဲနိုင်စေဖို့အတွက် VPN ကို 1996 ခုနှစ်မှာ စတင်တီထွင်ခဲ့ပါတယ်။ ဒီတော့ VPN က မိတ်ဆွေကို ဘယ်လိုမျိုး ကာကွယ်ပေးတာလဲ။  အင်တာနက်ရဲ့ အလုပ်လုပ်ပုံကို ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင် မိတ်ဆွေက ဝဘ်ဆိုက်တစ်ခုကို ဝင်ကြည့်မယ်ဆိုရင် မိတ်ဆွေကို အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီ (မြန်မာမှာဆိုရင် 5BB, Myanmar Net, MPT, Ooredoo လိုမျိုး) တွေကို အရင်အသိပေးရပြီး သူတို့ကနေ ဝင်ကြည့်ချင်တဲ့ ဝဘ်ဆိုက်ဆီကို ပို့ဆောင်ပေးပါတယ်။ ဒါပေမဲ့ VPN ကို အသုံးပြုမယ်ဆိုရင် မိတ်ဆွေကို ဝဘ်ဆိုက်ဆီမပို့ပေးခင် အရင်ဆုံး VPN ဆာဗာဆီကို ကုဒ်ဝှက်ထားတဲ့ ဒေတာအရင် ပို့ပေးရပါတယ်။ အဲ့မှာ VPN ကနေ မိတ်ဆွေရဲ့ဒေတာကို မိတ်ဆွေသွားချင်တဲ့ ဝဘ်ဆိုက်ဆီကို သူ့ရဲ့လိပ်စာအတုနဲ့ ပို့ပေးပါတယ်။ ဒီတော့ ဝဘ်ဆိုက်ရဲ့အမြင်မှာ ဒေတာတွေက မိတ်ဆွေရဲ့ အင်တာနက်လိပ်စာက လာတာမဟုတ်ဘဲ ကြားခံထားတဲ့ VPN လိပ်စာကနေ လာတာဖြစ်သွားပါတယ်။ အလားတူပဲ ဝဘ်ဆိုက်ကနေ မိတ်ဆွေဆီကို ဒေတာတွေ ပြန်ပို့ပေးတော့မယ်ဆိုရင် VPN ဆာဗာက ပို့မယ့်ဒေတာတွေကို ကုဒ်ဝှက်ပြီး သူအရင်တစ်ဆင့်ရယူပြီးမှ မိတ်ဆွေဆီ ပြန်ပို့ပေးပါတယ်။ မိတ်ဆွေဆီ ဒေတာတွေရောက်သွားရင် ကုဒ်ဝှက်ထားတာ ဖြည်ပေးလိုက်ပါတယ်။ ဟက်ကာတွေက ဒေတာတွေကို မိတ်ဆွေထံ မရောက်ခင် ကြားဖြတ်ယူသွားရင်တောင် ကုဒ်ဝှက်ထားတဲ့အတွက် ဘာမှကြည့်လို့မရပါဘူ။ ဒီလိုနည်းမျိုးနှင့် VPN က မိတ်ဆွေကို လုံခြုံစေတာဖြစ်ပါတယ်။

VPN နဲ့ပတ်သက်ပြီး အများဆုံးတွေ့ရတဲ့ ပြဿနာကတော့ VPN ဝန်ဆောင်မှုအများစုဟာ လစဉ်ကြေးများပြားစွာ ကောက်ခံကြတာပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလိုမျိုး ကမ္ဘာနဲ့ယှဉ်ရင် ဝင်ငွေသိသိသာသာနည်းတဲ့ နိုင်ငံမှာဆိုရင် ဒေါ်လာနဲ့ပေးရတဲ့ VPN ကြေးတွေကို မတတ်နိုင်ကြပါဘူး။ ဒီလိုမျိုးအခြေအနေတွေကြောင့် JewelVPN ကို ကျွန်တော်တို့ တည်ထောင်ခဲ့တာဖြစ်ပါတယ်၊ JewelVPN မှာဆိုရင် အသုံးပြုသူတွေကို လုံခြုံတဲ့အင်တာနက်သုံးစွဲခွင့်နှင့် ဘလော့ထားတဲ့ ဝဘ်ဆိုက်တွေကို ဝင်ရောက်နိုင်ခွင့်ပေးနိုင်မယ့် VPN ဝန်ဆောင်မှုကို အကန့်အသတ်မရှိ သုံးစွဲနိုင်တဲ့အပြင် တစ်ပြားမှပေးစရာမလိုဘဲ အခမဲ့ ပေးအပ်ထားတာဖြစ်ပါတယ်။ အကောင့်ဖန်တီးနေစရာလည်းမလိုပါဘူး! အက်ပလီကေးရှှင်းသွင်းပြီး ချိတ်ဆက်လိုက်ရုံနဲ့ မိတ်ဆွေအကြိုက်ဆုံး ဝဘ်ဆိုက်တွေထဲ ဝင်ရောက်နိုင်သလို ဝန်ဆောင်မှုတွေကိုလည်း ရယူနိုင်တယ်နော်။ ဒီနေ့ပဲ မိတ်ဆွေရဲ့ Windows PC မှာ ဒေါင်းလုတ်ဆွဲပြီး စမ်းသုံးကြည့်လိုက်ပါ!

Download!

Tags: No tags

Add a Comment

Your email address will not be published. Required fields are marked *